အရှေ့ပိုင်းစစ်နယ်မြေသည် ထိုင်ဝမ်ကျွန်းအနီးတဝိုက်၌ “Joint Sword-2024A” စစ်ရေးလေ့ကျင့်ပွဲကို ဆက်တိုက်ပြုလုပ်

(GMT+08:00)2024-05-24 11:44:32  

တရုတ်အရှေ့ပိုင်းစစ်နယ်မြေမှ ပြောရေးဆိုခွင့်ရှိသူ အထက်တန်းဗိုလ်မှူးကြီးLi Xi က မေလ ၂၄ရက်နေ့တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းစစ်နယ်မြေသည် ထိုင်ဝမ်ကျွန်းအနီးတဝိုက်၌ “Joint Sword-2024A” စစ်ရေးလေ့ကျင့်ခြင်းကို ဆက်တိုက်ပြုလုပ်ပြီး ကျွန်းအတွင်းအပြင် တစ်ပြေးညီ ဆောင်ရွက်ကာ အတူပူးတွဲအာဏာသိမ်းပိုက်ရေး၊ ပူးတွဲတိုက်ခိုက်ရေး နှင့် အဓိကနေရာများ၌ ထိန်းချုပ်ရေးစသော စွမ်းရည်ကို စိစစ်ကြောင်း ပြောကြားခဲ့ပါသည်။