ရုရှားက Donetsk ဒေသတွင် အခြေချနေထိုင်ရာနေရာတစ်ခုကို ထိန်းချုပ်ထားသည်ဟု ဆို

(GMT+08:00)2024-05-24 14:56:18  

မေလ ၂၃ ရက်နေ့တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်တစ်ရပ် ထုတ်ပြန်ရာတွင် ရုရှားစစ်တပ်က Donetsk ဒေသရှိ Andreevka အခြေချနေထိုင်ရာနေရာကို ထိန်းချုပ်ထားပြီး ယင်းဒေသတွင် ရှေ့တန်းအခြေအနေ ကောင်းမွန်လာအောင် လုပ်ဆောင်နိုင်ကာ ယူကရိန်းမှတိုက်ခိုက်မှု ၅ ခုကို ချေမှုန်းခဲ့ကြောင်း၊ ရုရှားစစ်တပ်သည် Kharkiv ဒေသတွင် ယူကရိန်းမှတိုက်ခိုက်မှု ၂ခုကို ချေမှုန်းခဲ့ပြီး ယူကရိန်းစစ်တပ်ကို နက်နက်နဲနဲ ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ရုရှားလေကြောင်းရန်ကာကွယ်ရေး စနစ်က ဒရုန်း ၅၃ စင်းကို ပစ်ချပြီး အမေရိကန်လုပ် စစ်နည်းဗျူဟာသုံး ဒုံးကျည် ၆ စင်းကိုလည်း ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

မေလ ၂၃ ရက်တွင် ယူကရိန်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဆာစကီးက ယူကရိန်းစစ်တပ်သည် Kharkiv ဒေသ တိုက်ပွဲတွင် ကနဦးအောင်ပွဲရရှိခဲ့ကြောင်း၊ ရုရှားစစ်တပ်သည် Volchansk လမ်းကြဉ်းများတိုက်ပွဲများတွင် လုံးဝထိန်းချုပ်ခံရပြီး အကျပ်အတည်းများကို ရင်ဆိုင်နေကာ လက်ရှိတွင် အရံတပ်ဖွဲ့များကို ထောက်ပံ့ရန် လမ်းကြောင်းအမျိုးမျိုးမှ စေလွှတ်နေကြောင်း ဖော်ပြခဲ့ပါသည်။