ထိုင်ဝမ်၏ မာန်စွယ်ငေါငေါနှင့် မာန ထောင်လွှားခြင်းကို တိုက်ခိုက်ခြင်းပင် ဖြစ်သည်ဟု တရုတ် ကာကွယ်ရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2024-05-24 17:36:19  

   မေလ ၂၄ ရက်နေ့တွင် တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူချန်းသည် တပ်မတော် အရှေ့စစ်နယ်မြေ၏ ထိုင်ဝမ်ကျွန်း အနီးတဝိုက်တွင် ပူးတွဲ စစ်ရေး လေ့ကျင့်မှုနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

   သတင်းထောက်တစ်ဦးက ယခုရက်များတွင် တပ်မတော် အရှေ့စစ်နယ်မြေမှ ထိုင်ဝမ်ကျွန်း အနီးတဝိုက်တွင် ပူးတွဲ စစ်ရေး လေ့ကျင့်မှု ပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး အမေရိကန် စစ်အရာရှိက ယင်းသည် ထိုင်ဝမ် ရေလက်ကြား အခြေအနေ တင်းမာမှု ပိုမို ဆိုးရွားစေပြီး စိုးရိမ်ဖွယ်ရာပင် ဖြစ်သည်ဟု ဆိုခဲ့သည်။ ယင်းပြောဆိုမှုအပေါ်  ပြောရေးဆိုခွင့်ရှိသူက ဘာမှတ်ချက်များ ရှိပါသနည်းဟု မေးသည့်အခါ

   ဝူချန်းက ယခုအကြိမ် စစ်ရေးလေ့ကျင့်ဆောင်ရွက်မှုသည် ထိုင်ဝမ်၏ မာန်စွယ်ငေါငေါနှင့် မာန ထောင်လွှားခြင်းကို တိုက်ခိုက်ခြင်း ဖြစ်ပြီး ပြင်ပမှ အင်အားများ ဝင်ရောက်စွက်ဖက်ခြင်းအတွက် သြဇာအရှိန်အဝါ ပြသခြင်း ဖြစ်ကာ လုံးဝ တရားဝင်ဖြစ်ပြီး၊ တရားနည်းလမ်းကျကာ လိုအပ်သည် ဖြစ်ကြောင်း၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ထိုင်ဝမ် ဖြစ်ပြီး ထိုင်ဝမ်ရေးရာကို မည်သို့ ဖြေရှင်းသနည်း ဆိုတာ တရုတ်ပြည်သူ သန်းပေါင်း ၁၄၀၀ ကျော်တို့၏ ကိုယ်ရေးကိုယ်တာပင် ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ပြည့်စုံမှုကို လက်တွေ့ကျကျ ထိန်းသိမ်းကာကွယ်ပါကြောင်း၊ ထိုင်ဝမ် သီးခြားတည်ရှိရေး အင်အားက တစ်ခါ ရန်စတိုင်း မိမိတို့၏ တုံ့ပြန် ဆောင်ရွက်မှု ရှေ့သို့ တစ်လှမ်း တက်သွားမည် ဖြစ်ပြီး အမိနိုင်ငံ လုံးဝ တစ်ပေါင်းတစ်စည်းတည်း ဖြစ်သည့် တိုင်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။