ရုတ်တရက် တိုက်ခိုက်မှုခံခဲ့ရသည့် အစ္စရေး

(GMT+08:00)2024-05-24 13:25:40  

    ဒေသစံတော်ချိန် မေလ ၂၃ ရက်နေ့ နေ့လယ်ပိုင်းတွင် လက်ဘနွန်နိုင်ငံဘက်မှ ဒုံးကျည် အစင်း ၃၀ ခန့်ဖြင့် အစ္စရေးနိုင်ငံမြောက်ပိုင်းကို တိုက်ခိုက်ခဲ့သည်။

    အစ္စရေးစစ်တပ်က ၎င်း၏ လေကြောင်းရန်ကာကွယ်ရေးစနစ်သည် ဒုံးကျည်အများစုကို ကြားဖြတ်ဟန့်တားခဲ့ပြီး ကျန်ဒုံးကျည်များသည် လူနေထိုင်မှုမရှိသော မြေပြင်သို့ ကျရောက်ခဲ့၍ လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုမရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အစ္စရေးစစ်တပ်သည် တိုက်လေယာဉ်များကို စေလွှတ်ပြီး လက်ဘနွန်နိုင်ငံရှိ ပစ်မှတ်များကို တုံ့ပြန်တိုက်ခိုက်ခဲ့ပါသည်။