ရှီကျင့်ဖိန်သည် လုပ်ငန်းကုမ္ပဏီများနှင့် ကျွမ်းကျင်ပညာရှင်များ ဆွေးနွေးပွဲကို ဦးစီးကျင်းပခဲ့ရာ တရုတ်အသွင်ပုံစံ ခေတ်မီရေး တိုးမြှင့်ခြင်းဆောင်ပုဒ်နှင့်အညီ ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ရမည်ဟုဆို

(GMT+08:00)2024-05-24 10:10:27  

  

  တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် လုပ်ငန်းကုမ္ပဏီများနှင့် ကျွမ်းကျင်ပညာရှင်များ ဆွေးနွေးပွဲကို ဦးစီးကျင်းပခဲ့ရာ တရုတ်အသွင်ပုံစံ ခေတ်မီရေး တိုးမြှင့်ခြင်းဆောင်ပုဒ်နှင့်အညီ ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ရမည်ဟု အလေးပေး ပြောကြားခဲ့သည်။ ဝမ်ဟုနင်နှင့် ဆိုက်ချီတို့သည်လည်း ယခုအကြိမ် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် ရှီကျင့်ဖိန်က ပြုပြင်ပြောင်းလဲရေးသည် ဖွံ့ဖြိုးတိုးတက်ရေး၏ တွန်းအား ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ရာတွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ်စနစ် ပိုမို ပြည့်စုံ ကောင်းမွန်စေခြင်းနှင့် နိုင်ငံတော် စီမံခန့်ခွဲရေး စနစ်နှင့် စီမံခန့်ခွဲရေးစွမ်းရည် ခေတ်မီရေးကို တိုးမြှင့်ခြင်း ဖြစ်သည့် အထွေထွေ ရည်မှန်းချက်နှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

   ရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ အခြေခံ စီးပွားရေးစနစ်ကို စွဲကိုင် တိုးမြှင့်ရမည် ဖြစ်ကြောင်း၊ အရည်အချင်းမြင့် ဆိုရှယ်လစ် ဈေးကွက် စီးပွားရေး စနစ်ကို တည်ဆောက်ပြီး မိုက်ကရို စီးပွားရေး စီမံခန့်ခွဲရေးစနစ် ပိုမို ပြည့်စုံကောင်းမွန်လာအောင် ဆောင်ရွက်ကာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး စည်းစနစ်ကို တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   ရှီကျင့်ဖိန်က ပြည်သူပြည်သားများ၏ သာယာသော နေထိုင်မှုဘဝ လိုလားချက်သည် မိမိတို့၏ ကြိုးပမ်းဆောင်ရွက်ရန် ရည်မှန်းချက်ပင် ဖြစ်ကြောင်း၊ ပြည်သူအားလုံး၏ အကျိုးစီးပွား၊ အရင်းခံ အကျိုးစီးပွားနှင့် ရေရှည် အကျိုးစီးပွားအရ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကို စီမံ တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။