Ding Xuexiangသည် တရုတ်-ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံများ လုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်သို့ တက်ရောက်ပြီး သမ္မတ ရှီကျင့်ဖိန်၏ ဂုဏ်ပြုကြောင်း သဝဏ်လွှာကို ဖတ်ကြား

(GMT+08:00)2024-05-24 11:42:57  

တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း ကော်မတီဝင်၊ နိုင်ငံတော် ကောင်စီ ဒုတိယ ဝန်ကြီးချုပ် Ding Xuexiangသည် ယခုလ ၂၃ရက်နေ့တွင် တရုတ် နိုင်ငံ ရှမင်မြို့၌ တရုတ်-ပင်လယ်ကွေ့ အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံများ လုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်သို့ တက်ရောက်ပြီး သမ္မတ ရှီကျင့်ဖိန်၏ ဂုဏ်ပြုကြောင်း သဝဏ်လွှာကို ဖတ်ကြားကာ အမှာစကားလည်း ပြောကြားခဲ့ပါသည်။

Ding Xuexiangက သမ္မတ ရှီကျင့်ဖိန်၏ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခြင်းသည် ဖိုရမ် အပေါ် လွန်စွာ အလေးထားခြင်းကို အပြည့်အဝ ပြဆိုနေကြောင်း၊ တရုတ်နှင့် ပင်လယ်ကွေ့ အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံများသည် ညီအစ်ကိုကောင်း၊ မိတ်ဆွေကောင်းနှင့် မိတ်ဖက်ကောင်း ဖြစ်ကြကြောင်း၊ နှစ်ဖက် ဆက်ဆံမှုသည် ဆက်တိုက် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံတကာ ဆက်ဆံမှုသစ် တည်ဆောက်ရေး အတွက် စံနမူနာကို စိုက်ထူခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

တရုတ်နှင့် ပင်လယ်ကွေ့ အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံများမှ အစိုးရ လုပ်ငန်းဌာနများ၊ လုပ်ငန်းကုမ္ပဏီများနှင့် ငွေကြေး အဖွဲ့အစည်းများ စသည့် အလွှာပေါင်းစုံမှ ကိုယ်စားလှယ် စုစုပေါင်း ၆၀၀ခန့်သည် ဖိုရမ်သို့ တက်ရောက်ကြပါသည်။