၁၄ကြိမ်မြောက် တရုတ်-အမေရိကန် ခရီးသွား လုပ်ငန်း အဆင့်မြင့် ဆွေးနွေးပွဲ ဖွင့်လှစ်

(GMT+08:00)2024-05-23 16:39:55  

၁၄ကြိမ်မြောက် တရုတ်-အမေရိကန် ခရီးသွား လုပ်ငန်း အဆင့်မြင့် ဆွေးနွေးပွဲကို ယခုလ ၂၃ရက်နေ့တွင် တရုတ် နိုင်ငံ ရှန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် ဖွင့်လှစ်ခဲ့ပါသည်။ ဆွေးနွေးပွဲ၏ ဆောင်ပုဒ်မှာ “ခရီးသွားခြင်းဖြင့် တရုတ်-အမေရိကန် လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးကို တိုးမြှင့်”ဟူ၍ ဖြစ်ပါသည်။ ဆွေးနွေးပွဲသည် ဆွေးနွေးခြင်းကို အားဖြည့်ပြီး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ နှစ်နိုင်ငံ လူမှုယဉ်ကျေးမှု လက်တွဲ တိုးမြှင့်ရန် ရည်ရွယ်ထားပါသည်။ ဆွေးနွေးပွဲသို့ နှစ်နိုင်ငံ အစိုးရ လုပ်ငန်းဌာနများ၊ ဒေသန္တရနှင့် လုပ်ငန်းကုမ္ပဏီများမှ ကိုယ်စားလှယ် ၄၀၀နီးပါး တက်ရောက်ကြပါသည်။ တရုတ်နှင့် အမေရိကန် နှစ်ဖက်မှ ကိုယ်စားလှယ်များက ခရီးသွား ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး တွန်းအားပေးပြီး နှစ်နိုင်ငံ ပြည်သူများ၏ သွားလာမှုကို မြှင့်တင်မည်ဟု ပြောကြားခဲ့ပါသည်။

ယခုအကြိမ် တရုတ်-အမေရိကန် ခရီးသွား လုပ်ငန်း အဆင့်မြင့် ဆွေးနွေးပွဲ ကျင်းပခြင်းသည် လွန်ခဲ့သည့် နှစ်က နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ၏ San Francisco တွေ့ဆုံဆွေးနွေးပွဲတွင် ရရှိခဲ့သော အရေးကြီး သဘောတူညီချက်များကို လက်တွေ့ အကောင်အထည် ဖော်ဆောင်ရန် အတွက် ဆောင်ရွက်ချက် တစ်ခု ဖြစ်ပြီး နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များသည် ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို အသီးသီး ပေးပို့ခဲ့ပါသည်။