လိုက်ချင်းတေသည် သမိုင်း၏ ရှက်ဖွယ်ရာ အမှတ်အသား အဖြစ် ချိတ်ဆွဲခံရမည်

(GMT+08:00)2024-05-23 16:34:41  

   မေလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အရှေ့စစ်နယ်မှ ကြည်း ရေ လေတပ်နှင့် ဒုံးကျည်တပ် အပါအဝင် တပ်ဖွဲ့များသည် ထိုင်ဝမ်ကျွန်း အနီးတဝိုက်တွင် "ပူးတွဲ ဓားထက် -၂၀၂၄ A" အမည်ဖြင့်  ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်မည် ဖြစ်ပြီး အဓိကအားဖြင့် ရေတပ်နှင့် လေတပ် ပူးတွဲ စစ်ဆင်ရေး ကင်းလှည့်ခြင်း၊ စစ်မြေ ထိန်းချုပ်မှု ပူးတွဲ ရယူခြင်း၊ ပစ်မှတ်များကို တိကျ မှန်ကန်စွာ ပူးတွဲ ပစ်ခတ်ခြင်းတို့ကို လေ့ကျင့်မည် ဖြစ်သည်။ ယင်းသည် တရုတ်နိုင်ငံက နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ပြည့်စုံမှုကို ထိန်းသိမ်းကာကွယ်ရေး ဆိုင်ရာ တရားမျှတသော ဆောင်ရွက်ချက် ဖြစ်သည့်အပြင် ထိုင်ဝမ် သီးခြားတည်ရှိရေး ဆိုင်ရာ သွေးခွဲမှု အင်အားများနှင့် ထိုင်ဝမ် သီးခြားတည်ရှိရေး ကြံဆမှုများအား အားကောင်းသော ပြစ်ဒဏ်ပေးခြင်းလည်း ဖြစ်ကာ ပြင်ပမှ အင်အားစုများ၏ ဝင်ရောက်စွက်ဖက်ခြင်းနှင့် ရန်စခြင်းအပေါ် ပြင်းပြင်းထန်ထန် သတိပေးခြင်းလည်း ဖြစ်သည်။

မေလ ၂၀ ရက်နေ့က ထိုင်ဝမ်ဒေသ ခေါင်းဆောင် လိုက်ချင်းတေ၏ ပြောကြားချက်သည် ထိုင်ဝမ် သီးခြားတည်ရှိရေးဆိုင်ရာ ဝန်ခံ ထွက်ဆို ဖော်ပြခြင်း ဖြစ်ပြီး တရုတ်နိုင်ငံ တစ်နိုင်ငံတည်းရှိရေးမူကို ပြင်းပြင်းထန်ထန် ရန်စမှု ပြုကာ ထိုင်ဝမ် ရေလက်ကြား ငြိမ်းချမ်းတည်ငြိမ်ရေးကို ဆိုးရွားစွာ ဖျက်ဆီးခဲ့သည်။

ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ထိုင်ဝမ် ဖြစ်ပြီး ရေလက်ကြား နှစ်ဖက်ကမ်းမှ မွေးချင်းပေါက်ဖော်များ အားလုံး တရုတ်နိုင်ငံသားများ ဖြစ်သည်။ မင်ကျင့်တန်ပါတီက ပြင်ပမှ အင်အားများနှင့် ချိတ်ဆက်ပြီး ထိုင်ဝမ် သီးခြားတည်ရှိရေး ဖော်ဆောင်ရန် ရန်စမှုများနှင့် ပတ်သက်ပြီး တရုတ်ပြည်မကြီးက တုံ့ပြန် ဆောင်ရွက်ရမည်၊ ပြစ်ဒဏ်ပေးရမည်ဟု စောစောကပင် ပြောခဲ့ဖူးသည်။သို့မဟုတ်ပါက တစ်နေ့နေ့ ကိုယ့်ဘိုးဘေးကိုပင် မေ့သည့် လိုက်ချင်းတေသည် သူ့၏ မှားယွင်းသော မူဝါဒနှင့် ကြံဆချက်များကို လက်တွေ့ ဖော်ဆောင်ပါက ထိုင်ဝမ် ရေလက်ကြားတွင် စစ်အန္တရာယ်များထဲ ကျသွားလိမ့်မည် ဖြစ်သည်။ ယခုအကြိမ် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် အရှေ့စစ်နယ်၏ ပူးတွဲ စစ်ရေးလေ့ကျင့်မှုသည် လိုက်ချင်းတေ၏ ရန်စမှုအပေါ် ပြတ်ပြတ်သားသား ပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။ ထိုင်ဝမ် ရေလက်ကြား ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ထိုင်ဝမ် မွေးချင်းပေါက်ဖော်များ၏ ချမ်းသာသုခများကို ပြတ်ပြတ်သားသား ကာကွယ် စောင့်ရှောက်ခြင်းလည်း ဖြစ်သည်။

ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အဓိက အကျိုးစီးပွားထဲတွင် အဓိကကျရာ ဖြစ်သည်။ ထိုင်ဝမ် သီးခြားတည်ရှိရေးသည် ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်းမှ မွေးချင်းပေါက်ဖော်များ၏ ချမ်းသာသုခများနှင့် ကျောခိုင်းပြီး ထိုင်ဝမ် သီးခြားတည်ရှိရေး ပြုလုပ်ခြင်းသည် မီးကစားသူ မီးဝါးခံရသလို ဖြစ်မည်ဟု China Media Group မှ သတင်းဆောင်းပါးတစ်ပုဒ်မှာ ရေးသားဖော်ပြထားပါသည်။