တရုတ်နိုင်ငံသည် အမေရိကန် စစ်ရေးစက်မှုလုပ်ငန်းကုမ္ပဏီ ၁၂ခုနှင့် အဆင့်မြင့် စီမံခန့်ခွဲသူ ၁၀ဦးအတွက် တုံ့ပြန်မှု ဆောင်ရွက်ချက် ကျင့်သုံး

(GMT+08:00)2024-05-23 16:39:23  

မကြာသေးမီ အချိန်က အမေရိကန်သည် ရုရှားနှင့် ပတ်သက်သည်ဟူသော အကြောင်းပြချက်ဖြင့် တရုတ် လုပ်ငန်းကုမ္ပဏီနှင့် အဖွဲ့အစည်းများကို တရားမဝင် တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှုများကို အလွဲသုံးစားလုပ်ပြီး တရုတ် လုပ်ငန်း ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ တရားမျှတမှန်ကန်သည့် အခွင့်အရေးနှင့် အကျိုးစီးပွားများကို ဆိုးရွားစွာ ထိခိုက်စေခဲ့ပါသည်။ တစ်ချိန်တည်းတွင် အမေရိကန်သည် တရုတ် နိုင်ငံ ထိုင်ဝမ် ဒေသသို့ လက်နက် ပစ္စည်းများကို ဆက်တိုက် ရောင်းချပြီး တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူနှင့် တရုတ်-အမေရိကန် ပူးတွဲ ကြေညာစာတမ်း ၃ခုပါ သတ်မှတ်ချက်များကို ကျောခိုင်းကာ တရုတ်ပြည်တွင်းရေးကို ဆိုးရွားစွာ ဝင်ရောက်စွက်ဖက်၍ တရုတ် နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်မှုနှင့် နယ်မြေတည်တံ့ ခိုင်မြဲခြင်းကို ဆိုးရွားစွာ ထိခိုက်စေခဲ့ပါသည်။

“တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ နိုင်ငံခြား အရေးယူ ပိတ်ဆို့မှု ဆန့်ကျင်ရေး ဥပဒေ”ပါ ပုဒ်မ ၃၊ ပုဒ်မ ၄၊ ပုဒ်မ ၅၊ ပုဒ်မ ၆၊ ပုဒ်မ ၉နှင့် ပုဒ်မ ၁၅ အရ တရုတ်ဘက်သည် အမေရိကန် စစ်ရေးစက်မှုလုပ်ငန်းကုမ္ပဏီ ၁၂ခုနှင့် အဆင့်မြင့် စီမံခန့်ခွဲသူ ၁၀ဦးအတွက်  တုံ့ပြန်မှု ဆောင်ရွက်ချက် ကျင့်သုံးမည်ဟု ဆုံးဖြတ်ပါသည်။