အရှေ့စစ်နယ်မှ ထိုင်ဝမ်ကျွန်းတစ်ဝိုက်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိ

(GMT+08:00)2024-05-23 16:37:04  

မေလ ၂၃ ရက်နေ့ ၇ နာရီ ၄၅ မိနစ်မှစ၍ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့စစ်နယ်မှ ထိုင်ဝမ်ရေလက်ကြား၊  ထိုင်ဝမ်ကျွန်း မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်းနှင့် Jinmen ကျွန်း၊ Mazu ကျွန်း၊ Wuqiu ကျွန်း၊ Dongyin ကျွန်းတစ်ဝိုက်တွင် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပါသည်။

    အရှေ့စစ်နယ်မှ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်မှူးကြီး Li xi က မေလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့စစ်နယ်သည် စစ်နယ် မှ ကြည်း၊ရေ၊လေ၊ဒုံးကျည်တပ်ဖွဲ့များကို စုစည်းပြီး၊ ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် "ပူးတွဲ ဓားထက် -၂၀၂၄ A" အမည်ဖြင့်  စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ပြီး၊ ယင်းသည် ထိုင်ဝမ်သီးခြားတည်ရှိရေး ခွဲထွက်မှု အင်အားများအတွက် အားကောင်းသော ပြစ်ဒဏ်ဖြစ် သကဲ့သို့၊ ပြင်ပအင်အားစုများမှ ဝင်ရောက်စွက်ဖက်မှုနှင့် ရန်စမှုများအပေါ် ပြင်းထန်သော သတိပေးချက်လည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။