Greenways သည် ဘဝအလှကို တိုးစေသည်— Sunshine Coast Greenway သို့ သွားရောက်ကြည့်ရှု

(GMT+08:00)2024-05-23 16:32:44  

မေလ ၂၂ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် စန်းတုန်းပြည်နယ် ဇိကျောက်မြို့ကို လေ့လာကြည့်ရှုခဲ့သည်။ ရှီကျင့်ဖိန်သည် Sunshine Coast Greenway သို့ သွားရောက်ခဲ့ပြီး ကမ်းရိုးတန်းဂေဟစနစ်ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတွန်းအား ပေးခြင်းနှင့် ပြည်သူလူထုနေထိုင်မှုဘဝအရည်အသွေးမြှင့်တင်ခြင်း အခြေအနေများကို လေ့လာခဲ့သည်။ ဇိကျောက် Sunshine Coast Greenway သည် ၂၈ ကီလိုမီတာခန့် ရှည်လျားပြီး ရှုခင်းပလက်ဖောင်းများ၊ အားကစားလမ်းကြောင်းများ၊ ခရီးသည်များအနားယူရန် ရင်ပြင်များ တည်ဆောက်ထားပြီး မြို့သူမြို့သားများနှင့် ခရီးသည်များအတွက် အပန်းဖြေ အားကစားလေ့ကျင့်ရာနေရာ ဖြစ်လာကာ နှစ်စဉ် စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်းနှင့် အခြားအားကစားပွဲပေါင်း ၂၀ ကျော်ကို ကျင်းပပါသည်။