ပါလက်စတိုင်းနိုင်ငံကို ဥရောပသုံးနိုင်ငံက အသိအမှတ်ပြု

(GMT+08:00)2024-05-23 16:36:04  

မေလ ၂၂ ရက်နေ့တွင် စပိန်၊ နော်ဝေးနှင့် အိုင်ယာလန် ၃ နိုင်ငံတို့က ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုကြောင်း ကြေညာခဲ့သည်။ ပါလက်စတိုင်းသမ္မတ အာဘာ့စ်က ပါလက်စတိုင်း အစိုးရသတင်းဌာနမှတစ်ဆင့် ကြေညာချက်ထုတ်ပြန်ပြီး  ကမ္ဘာ့နိုင်ငံအသီးသီး အထူးသဖြင့် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်မပြုသေးသော ဥရောပနိုင်ငံများအား နိုင်ငံတကာ စည်းမျဉ်းများနှင့်အညီ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုပြီး ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ဖော်ဆောင်ရေးတို့ကို ပံ့ပိုးကူညီရန် တိုက်တွန်းခဲ့ပါသည်။ ပါလက်စတိုင်း လွတ်လပ်သောနိုင်ငံတည်ထောင်ခြင်း ရည်မှန်းချက် ကျိန်းသေ အောင်မြင်မည်ဟု ၂၀၂၃ ခုနှစ် ဇွန်လတွင် China Media Group နှင့် သီးသန့်အင်တာဗျူးတစ်ခုတွင် အဘတ်စ်က ပြောကြားခဲ့သည်။