တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ၏ အထူးကိုယ်စားလှယ် Zhang Guoqing သည် ကွယ်လွန် သွားသည့် အီရန်သမ္မတ အီဘရာဟင်ရိုင်စီ အတွက် ကျင်းပသော ဝမ်းနည်းခြင်း အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်

(GMT+08:00)2024-05-23 16:38:42  

  မေလ ၂၂ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ၏ အထူးကိုယ်စားလှယ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံတော် ကောင်စီ ဒုတိယဝန်ကြီးချုပ် Zhang Guoqing သည် တီဟီရန်မြို့တွင် အီရန်နိုင်ငံသမ္မတ အီဘရာဟင်ရိုင်စီ အတွက် ကျင်းပသော ဝမ်းနည်းခြင်းအောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်ပြီး အီရန်ယာယီသမ္မတ Mohammad Mokhber နှင့် တွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် Zhang Guoqing က မိမိအနေဖြင့် သမ္မတ ရှီကျင့်ဖိန် ကိုယ်စား သမ္မတ အီဘရာဟင်ရိုင်စီ ကွယ်လွန်သွားခြင်းအတွက် အလေးအနက်ဝမ်းနည်းကြေကွဲ သည်ဟု ပြောကြားလိုကြောင်း၊ အီရန်အစိုးရ၊ ပြည်သူများနှင့် သမ္မတ အီဘရာဟင်ရိုင်စီ ၏ မိသားစုဝင်များအား နှစ်သိမ့်အားပေးသည်ဟု ပြောကြားလိုကြောင်း၊ ၄င်းခက်ခဲကြမ်းတမ်း သောအခါသမယတွင် တရုတ်ပြည်သူများသည် အီရန်ပြည်သူများနှင့် အခိုင်အမာ ရပ်တည် နေကြကြောင်း၊ အီရန်နိုင်ငံသည် ယာယီအခက်အခဲများကို ကျော်လွှားနိုင်ပြီး နိုင်ငံတော် လုပ်ငန်းပေါင်းစုံကို အဆက်မပြတ် တွန်းအားပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ ပါသည်။