တရုတ်(ရှင်ကျင့်)နိုင်ငံတကာယဉ်ကျေးမှုလုပ်ငန်းကုန်စည်ပြပွဲ- အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားဖြင့် ယဉ်ကျေးမှုလုပ်ငန်း စည်ပင်သာယာတိုးတက်စေရန် အားသစ် လောင်းပေး

(GMT+08:00)2024-05-23 16:33:42  

   အကြိမ်၂၀ မြောက် တရုတ်(ရှင်ကျင့်)နိုင်ငံတကာယဉ်ကျေးမှုလုပ်ငန်းကုန်စည်ပြပွဲကို မေလ ၂၃ရက်နေ့မှ ၂၇ရက်နေ့အထိ ကျင်းပမည်ဖြစ်ပါသည်။ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားဖြင့်  ယဉ်ကျေးမှုလုပ်ငန်း သာယာဝပြောတိုးတက်မှုကို တိုးမြှင့်ခြင်း ဆိုင်ရာ အဓိကဆောင်ရွက်ချက်တစ်ခုအနေဖြင့် ယခုအကြိမ်ကုန်စည်ပြပွဲသည်  ပြည်တွင်းပြည်ပမှ အဆင့်မြင့်ယဉ်ကျေးမှုလုပ်ငန်းဆိုင်ရာ အရင်းအမြစ်များကို တက်ကြွစွာ မိတ်ဆက်ပြီး ဂလိုဘယ်လိုက်ဇေးရှင်း၊ ဈေးကွက်ချဲ့ထွင်ခြင်း၊ professionalization နှင့် digitalization များ၏အဆင့်ကို မြှင့်တင်ပေးကာ ထူးခြားချက်သစ်နှင့် ရလဒ်အသစ်များကို ဖန်တီးရန် ကြိုးပမ်းဆောင်ရွက်နေပါသည်။

   ယခုအကြိမ်ကုန်စည်ပြပွဲတွင်  ပြခန်းဆောင် ၈ ခုရှိပြီး အော့ဖ်လိုင်း ပြပွဲအကြောင်းအရာများကို အွန်လိုင်းcloudပလက်ဖောင်းပေါ်မှာလည်း တစ်ပြိုင်နက် ပြသမည်ဖြစ်သည်။