ရှီကျင့်ဖိန်သည် ချဒ်နိုင်ငံ အရွေးခံသမ္မတ မိုဟာမက်ထံသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00)2024-05-22 11:33:44  

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မေလ ၂၀ ရက်နေ့က ချဒ်နိုင်ငံ သမ္မတအဖြစ် ရွေးချယ်ခံရသော မိုဟာမက် အိုင်ဒရစ်စ် ဒီဘီအီနို ထံသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့ ခဲ့ပါသည်။

ရှီကျင့်ဖိန်က လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်-ချဒ် ဆက်ဆံရေးသည် အရှိန် ကောင်းမွန်စွာ တိုးတက်လာခဲ့ပြီး နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုများ စဉ်ဆက်မပြတ် နက်ရှိုင်းလာကာ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ တည်ငြိမ်စွာ တိုးတက်လာကြောင်း၊ မိမိသည် တရုတ်-ချဒ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အလွန်အလေးထားပြီး နှစ်နိုင်ငံအကြား အပြန်အလှန် ထောက်ခံမှုနှင့် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်၍ နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမို ကောင်းမွန်စွာ အကျိုးပြုသွားရန် သမ္မတ မိုဟာမက်နှင့် လက် တွဲ ကြိုးပမ်း ဆောင်ရွက်လိုပါကြောင်း သဝဏ်လွှာ တွင် ဖော်ပြထားပါသည်။