To Lam သည် ဗီယက်နမ်သမ္မတသစ် အဖြစ် ရွေးကောက်တင်မြှောက်ခံရ

(GMT+08:00)2024-05-22 15:30:22  

  

ဒေသစံတော်ချိန် မေလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ လွှတ်တော် ၁၅ကြိမ်မြောက် သတ္တမအကြိမ်အစည်းအဝေး၏ တတိယနေ့တွင် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ပြည်သူ့ လုံခြုံရေး ဝန်ကြီး To Lam သည်  ဗီယက်နမ်သမ္မတသစ်အဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ရပါသည်။

  To Lam သည် ၁၉၅၇ ခုနှစ် ဇူလိုင်လတွင် ဗီယက်နမ်နိုင်ငံ Hung Yen ပြည်နယ်၌ မွေးဖွား ခဲ့ပြီး ဗီယက်နမ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနတွင် အချိန်အတော်ကြာ တာဝန် ထမ်းဆောင် ခဲ့ကာ ၂၀၁၆ ခုနှစ် ဧပြီလမှစ၍ ဗီယက်နမ် ပြည်သူ့လုံခြုံရေး ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ ကြောင်း သတင်းအရ  သိရှိရ သည်။