"ထိုင်ဝမ်သီးခြားတည်ရှိရေး" သွေးခွဲရေးလှုပ်ရှားမှုများသည် ထိုင်ဝမ်ရေလက်ကြားငြိမ်းချမ်းရေးအတွက် အဖျက်အဆီးအရှိဆုံးအချက်ဖြစ်သည်ဟု ဝမ်ယိဆို

(GMT+08:00)2024-05-22 15:06:21  

ဒေသစံတော်ချိန် မေလ ၂၁ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင် အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ နိုင်ငံခြားရေး ဝန်ကြီး များ အစည်းအဝေးသို့ တက်ရောက်ရာတွင် ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ တရုတ် နိုင်ငံ၏ ရပ်တည်ချက် သဘော ထားကို ပြောကြားခဲ့ပါသည်။

ဝမ်ယိက ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ အဓိက အကျိုးစီးပွားထဲက အဓိကကျရာဖြစ်ပြီး ထိုင်ဝမ်သီးခြားတည်ရှိရေး သွေးခွဲရေးလှုပ်ရှားမှုများသည် ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးအတွက် အဖျက်အဆီးအရှိဆုံးအချက်ဖြစ်ကြောင်း၊ လိုက်ချင်းတေ တို့၏  နိုင်ငံနှင့် ဘိုးဘေးများကို သစ္စာဖောက်သော အပြုအမူသည် ရှက်ဖွယ်ကောင်းကြောင်း၊ သို့သော် ၎င်းတို့သည် မည်မျှပင် ကြိုးစားကြိုးစား တရုတ်နိုင်ငံ နောက်ဆုံးတွင် လုံးဝ တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေးကို တားဆီးနိုင်မည်မဟုတ်ဘဲ ထိုင်ဝမ်သည် အမိနိုင်ငံ၏ ရင်ခွင်သို့ ပြန်လည်ရောက်ရှိသွားပါမည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။