ရှီကျင့်ဖိန်သည် ဗီယက်နမ် သမ္မတသစ် To Lam အား ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-05-22 20:32:35  

မေလ ၂၂ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတသစ် To Lam အား ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

   ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် တရုတ်နှင့် ဗီယက်နမ် နှစ်နိုင်ငံတို့သည် တောတောင်ရေမြေချင်း ဆက်စပ်သော ဆိုရှယ်လစ် အိမ်နီးချင်းကောင်း နိုင်ငံများ ဖြစ်ကြောင်း၊ မိမိသည် တရုတ်နှင့် ဗီယက်နမ် ဆက်ဆံမှု တိုးတက်ရေးကို လွန်စွာ အလေးထားပြီး ရဲဘော် သမ္မတနှင့်အတူ မဟာဗျူဟာ ကူးလူးဖလှယ်မှုများကို ထိန်းသိမ်းထားပြီး နှစ်နိုင်ငံ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး နက်ရှိုင်းလာဖို့ ဦးဆောင်ပေးရန်နှင့် နှစ်နိုင်ငံ ပြည်သူများ အတွက် ပိုမိုများပြားသော ချမ်းသာသုခများကို ဆောင်ကြဉ်းပေးရန် လက်တွဲ ကြိုးပမ်း လိုပါကြောင်း ရေးသားဖော်ပြထားပါသည်။