အီရန်နိုင်ငံ နေရာအများအပြားတွင် အောက်မေ့ဖွယ်အခမ်းအနားများကို ကျင်းပပြီး သမ္မတ ရိုင်စီ ၏ ရုပ်အလောင်းအား မေလ ၂၃ ရက်နေ့တွင် Mashhad သို့ ပို့ဆောင်မည်

(GMT+08:00)2024-05-22 14:57:22  

ဒေသစံတော်ချိန်မေလ ၂၁ ရက်နေ့က အီရန်အရှေ့ဘက် အဇာဘိုင်ဂျန်ပြည်နယ်မြို့တော် Tabriz၊ Qom မြို့၊ Qom ပြည်နယ် Qom မြို့နှင့်နိုင်ငံ၏ မြို့တော် Tehran မြို့စသည့်နေရာအများအပြားတွင် သမ္မတ ရိုင်စီ နှင့်အခြားသူများအတွက် အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပခဲ့သည်။ ပြည်သူ ပြည်သား များသည် ကွယ်လွန်သူများအား နှုတ်ဆက်ပွဲအခမ်းအနားတွင်ပါဝင်ကြပြီး ရိုင်စီ နှင့် အခြားကွယ်လွန်သူများ၏ဓာတ်ပုံများကို ကိုင်ဆောင်ကာ ဝမ်းနည်းကြောင်း ဖော်ပြခဲ့ ကြသည်။

ယခင်သတင်းအရ ရိုင်စီ ၏ရုပ်အလောင်းအား ၎င်း၏မွေးရပ်မြေ Mashhad သို့ မေလ၂၃ ရက်နေ့တွင် လွှဲပြောင်းသွားမည်ဖြစ်ပြီး ဈာပနကို Mashhad ၌ ကျင်းပမည်ဖြစ်သည်။