ဝမ်ယိသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများ ကောင်စီ အစည်းအဝေးသို့ တက်ရောက်

(GMT+08:00)2024-05-22 14:58:44  

ဒေသစံတော်ချိန် မေလ ၂၁ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် Astana မြို့၌ ကျင်းပသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများ ကောင်စီ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ဝမ်ယိသည် အကြံပြုချက် လေးချက်ကို တင်ပြခဲ့သည်။ ယင်း အကြံပြုချက်များသည် ပထမ တစ်ချက်မှာ မဟာဗျူဟာ ကိုယ်ပိုင်ဆုံးဖြတ်မှုကို စွဲကိုင်ပြီး စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်မှုကို ထိန်းသိမ်း ရမည် ဖြစ်ကြောင်း၊ ဒုတိယတစ်ချက်မှာ အန္တရာယ် ရှိသည်ဖြစ်စေ၊ လုံခြုံသည်ဖြစ်စေ အတူတကွ ရင်ဆိုင်ပြီး ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင် ရမည်ဖြစ်ကြောင်း၊ တတိယအချက်မှာ အပြန်အလှန် အကျိုး ရှိ စေရေးကို စွဲကိုင်ပြီး ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေးကို တွန်းအား ပေးရ မည်ဖြစ်ကြောင်း၊ စတုတ္ထအချက်မှာ  တံခါးဖွင့်ရေးနှင့် သက်ညှာထောက်ထားမှုကို စွဲကိုင်ပြီး အပြန်အလှန် ကူးလူးဖလှယ်မှုနှင့် သင်ယူမှုကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်းတို့  ဖြစ်သည်။