မလေးရှားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်-၁၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးသည် တရုတ်နိုင်ငံသို့ တရားဝင် လည်ပတ်မည်

(GMT+08:00)2024-05-22 11:38:44  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် တင်းရွှေးရှန်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်-၁၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး Zahid သည် မေလ ၂၂ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ တရုတ်နိုင်ငံသို့ တရားဝင်လည်ပတ်မည်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က မေလ ၂၁ရက်နေ့တွင် ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။