ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး  Sok Chenda Sophea သည် တရုတ်နိုင်ငံသို့ ခရီး လှည့်လည်မည်

(GMT+08:00)2024-05-22 11:35:37  

ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး Sok Chenda Sophea သည် မေလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ တရုတ်နိုင်ငံသို့ ခရီးလှည့်လည်မည်ဖြစ်ပါသည်။ ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က တရုတ်နှင့် ကမ္ဘောဒီးယားတို့သည် အစဉ်အလာအရ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံကောင်းနှင့် သံမဏိမိတ်ဆွေကောင်းဖြစ်ပြီး ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို မြှင့်တင်ရာတွင် နှစ်နိုင်ငံတို့သည် အမြဲတမ်း ရှေ့တန်းမှ လျှောက်လှမ်းနေကြကြောင်း၊ ယခုအကြိမ်ခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်တို့ ရရှိခဲ့သော သဘောတူ ညီမှုများကို အကောင်အထည်ဖော်ဆောင်ရေး၊ တရုတ်-ကမ္ဘောဒီးယား ဘက်စုံမဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းစေရေး၊ နိုင်ငံတကာနှင့် ဒေသတွင်း  အတူအရေးထားကြသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ကြမည်ဖြစ်ကြောင်း၊ ယခုအကြိမ် ခရီးစဉ်မှတစ်ဆင့် ခေတ်သစ် တရုတ်-ကမ္ဘောဒီးယား ကံကြမ္မတူ အသိုက်အဝန်း တည်ဆောက်ရေးကို ပိုမို နက်ရှိုင်းလာပြီး လက်တွေ့ ကျကျ အေကာင်အထည်ဖော်ဆောင်ရန်၊ နှစ်နိုင်ငံပြည်သူများ၏ ချမ်းသာသုခမှုအတွက် အကျိုးပြုရန်၊ ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးပြု စွမ်းဆောင်ရန် မျှော်လင့်ကြောင်း မေလ ၂၁ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြား ခဲ့ပါသည်။