ရှီကျင့်ဖိန်သည် ၁၄ ကြိမ်မြောက် တရုတ်နှင့် အမေရိကန် ခရီးသွားလုပ်ငန်း အဆင့်မြင့် ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားသို့ သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-05-22 15:31:08  

   မေလ ၂၂ ရက်နေ့တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၁၄ ကြိမ်မြောက် တရုတ်နှင့် အမေရိကန် ခရီးသွားလုပ်ငန်း အဆင့်မြင့် ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားသို့ သဝဏ်လွှာ  ပေးပို့ခဲ့ပါသည်။

   ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် ခရီးသွားလာခြင်းသည် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ ပြည်သူများ ကူးလူးဆက်ဆံ၊ ခင်မင်ရင်းနှီးမှုဆိုင်ရာ အရေးကြီးသည့် ပေါင်းကူးတံတား ဖြစ်ကြောင်း၊ နှစ်နိုင်ငံ အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များသည် ယခုအကြိမ် အဆင့်မြင့် ဆွေးနွေးပွဲကို အခွင့်ကောင်းအဖြစ်ထားပြီး လေးနက်စွာ ကူးလူးဆက်ဆံရန်၊ သဘောတူညီမှုများကို စုစည်းပြီး တက်ကြွစွာ ဆောင်ရွက်ရန်၊ ခရီးသွား ပူးပေါင်း ဆောင်ရွက်မှုဖြင့် ပြည်သူပြည်သားများ သွားလာမှုကို တိုးမြှင့်ပြီး လူမှု ယဉ်ကျေးမှု ကူးလူး ဆက်ဆံမှုများဖြင့် နှစ်ဖက် ချစ်ကြည်ရေးကို ဆက်ခံရန်၊ ဆန်ဖရန်စစ္စကို မျှော်မှန်းချက် ဖော်ဆောင်စေဖို့ အားပေးအားမြှောက်ပေးရန် မျှော်လင့်ကြောင်း ရေးသား ဖော်ပြ ထားပါသည်။

  ၁၄ ကြိမ်မြောက် တရုတ်နှင့် အမေရိကန် ခရီးသွားလုပ်ငန်း အဆင့်မြင့် ဆွေးနွေးပွဲကို မေလ ၂၂ ရက်နေ့တွင် ရှန်ရှီးပြည်နယ်  ရှီးအန်းမြို့၌ ဖွင့်လှစ်ခဲ့ပါသည်။