အမေရိကန်နှင့် ထိုင်ဝမ်တို့ ချိတ်ဆက်မှု မည်သို့ပင် လုပ်လုပ် တရုတ်နိုင်ငံ တစ်နိုင်ငံ တည်းသာ ရှိရေးမူကို ပြောင်းလဲစေနိုင်မည် မဟုတ်

(GMT+08:00)2024-05-22 11:36:34  

မကြာမီက လိုက်ချင်းတေသည် ထိုင်ဝမ်ဒေသရဲ့ ခေါင်းဆောင် အဖြစ် ထမ်းဆောင် ခဲ့သည်။ ရာထူးထမ်းဆောင်ခြင်း အခမ်းအနားမှာ သူက "ပြည်မကြီးမှ စစ်ရေး ခြိမ်းခြောက်မှု" ဆိုတာကို ဝါဒဖြန့်၍ နိုင်ငံခြားအင်အားကို အားကိုးပြီး သီးခြားတည်ရှိရန်နှင့် လက်နက်အင်အားဖြင့် သီးခြားတည်ရှိရန်ကို ရှာကြံမည်ဟု ပြောခဲ့သည်။ တစ်ချိန်တည်းမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကန်က လိုက်ချင်းတေ ရာထူး ထမ်းဆောင်ခြင်းကို ထောမနာ ပြုခဲ့ပြီး အမေရိကန်နိုင်ငံကလည်း အရာရှိတွေ စေလွှတ်ပြီး အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ ယင်းသည် အမေရိကန်နှင့် ထိုင်ဝမ်တို့ ချိတ်ဆက်ပြီး တရုတ်နိုင်ငံ တစ်နိုင်ငံတည်းသာရှိရေးမူကို "ရိုက်ခတ်"သည့် နောက်ဆုံးပေါ် "တင်ဆက်မှု"ပင် ဖြစ်သည်။ သို့သော်လည်း ၎င်းတို့က မည်သို့ပင်လုပ်လုပ် နိုင်ငံတကာ မိသားစုကြီးက စွဲကိုင် နေသည့် တရုတ်နိုင်ငံ တစ်နိုင်ငံတည်းသာရှိရေးမူကို ပြောင်းလဲစေနိုင်မည် မဟုတ်ပေ။

   ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်း ဖြစ်သည်။ ဒေသဆိုင်ရာ ရွေးကောက်ပွဲ ပြုလုပ်ခြင်း ဖြစ်ဖြစ် အာဏာပိုင်အဖွဲ့ ပြောင်းလဲခြင်း ဖြစ်ဖြစ် အားလုံး တရုတ် အတွင်းပိုင်း ဒေသရေးရာကိစ္စပင် ဖြစ်သည်။ လိုက်ချင်းတေက ရာထူးထမ်းဆောင်ခြင်း အခမ်းအနားမှာ "နှစ်နိုင်ငံဝါဒ"ကို ပြောင်ပြောင်တင်းတင်းဖြန့်ခဲ့ပြီး ထိုင်ဝမ်ရေးရာကို နိုင်ငံတကာ ရေးရာ ဖြစ်လာအောင် တမင် လုပ်ဆောင်ကာ ပြင်ပ အင်အားများကို ထိုင်ဝမ် ရေလက်ကြား ရေးရာများတွင် ဝင်ရောက်စွက်ဖက်စေရန် ပြုလုပ်၍ ရည်ရွယ်ချက်သည် ထိုင်ဝမ် သီးခြားတည်ရှိရေးကို ဖော်ဆောင်ဖို့အတွက် ဖြစ်သည်။ အမေရိကန်၏ မှားယွင်းသော လုပ်ဆောင် ပြောဆိုချက်များသည်လည်း တရုတ်နိုင်ငံ တစ်နိုင်ငံတည်းသာရှိရေးမူနှင့် တရုတ်-အမေရိကန် ပူးတွဲပြန်တမ်း သုံးရပ်ပါ သတ်မှတ်ချက်များကို ပြင်းထန်စွာ ဖောက်ဖျက်ပြီး အမေရိကန်၏ နိုင်ငံရေးဆိုင်ရာ ကတိကဝတ်များကို ပြင်းထန်စွာ ကျောခိုင်းကာ ထိုင်ဝမ် သီးခြားတည်ရှိရေးဆိုင်ရာ သွေးခွဲမှု အင်အားစုများအား မှားယွင်းသောအချက်ကို ပြသလိုက်သည်။ အမေရိကန်နှင့် ထိုင်ဝမ်တို့ ချိတ်ဆက်ပြီး ရန်စမှု ပြုခြင်းဟာ ထိုင်ဝမ် ရေလက်ကြား ငြိမ်းချမ်းတည်ငြိမ်မှုအပေါ် အမှန်စင်စစ်သော ခြိမ်းခြောက်မှုပင် ဖြစ်သည်။

   အမေရိကန်နှင့် ထိုင်ဝမ်တို့ ချိတ်ဆက်မှု မည်သို့ပင် လုပ်လုပ် ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံ တစ်နိုင်ငံတည်းသာရှိပြီး ထိုင်ဝမ်က တရုတ်နိုင်ငံ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့် အခြေခံ အဖြစ်မှန်ကို  ပြောင်းလဲနိုင်မည် မဟုတ်ပေ။

  အမေရိကန် အနေနှင့် မည်သည့်အသွင်ပုံစံမဆို ဖြစ်သည့် ထိုင်ဝမ်နှင့် အစိုးရချင်း ကူးလူးဆက်ဆံမှုကို ရပ်တန့်ရမည် ဖြစ်ပြီး တရုတ်နိုင်ငံ တစ်နိုင်ငံတည်းသာရှိရေးမူနှင့် တရုတ်နိုင်ငံအပေါ် နိုင်ငံရေး ကတိကဝတ်များကို လိုက်နာရမည်။ မင်ကျင့်တန်ပါတီ အာဏာပိုင်အဖွဲ့နှင့် ထိုင်ဝမ် သီးခြားတည်ရှိရေး အင်အားစုများသည် ထိုင်ဝမ် သီးခြား တည် ရှိရေးကို ဇွတ်အတင်း ကြံဆပြုလုပ်ပြီး တရုတ်အမျိုးသား၏ အကျိုးစီးပွားကို ရောင်းစားပါက ပြင်းထန်သော ပြစ်ဒဏ်ပေးမှုများ ခံရ ပါလိမ့်မည်။ တရုတ်နိုင်ငံ တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရမည်၊ တစ်ပေါင်းတစ်စည်းတည်း ဖြစ်ပါ့မည်၊ ယင်းသည် တားဆီး၍ မရသော သမိုင်း ရေစီးကြောင်းပင် ဖြစ်သည်ဟု China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်တွင် ရေးသားဖော်ပြထားပါသည်။