ဝမ်ယိသည် အီရန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Safariနှင့် တွေ့ဆုံ

(GMT+08:00)2024-05-22 15:05:48  

ဒေသစံတော်ချိန် မေလ ၂၁ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် Astana ၌ အီရန်နိုင်ငံကိုယ်စားပြု ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်သော အီရန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Safari နှင့် တွေ့ဆုံခဲ့သည်။ 

ဝမ်ယိသည် အီရန်သမ္မတ Raisi နှင့် နိုင်ငံခြားရေးဝန်ကြီး Abdollahian တို့ ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်း ကြောင်း ထပ်မံဖော်ပြခဲ့သည်။

Safari က အီရန်၏ ပြည်တွင်းနှင့် နိုင်ငံခြားရေးမူဝါဒများ ပြောင်းလဲမည်မဟုတ်ကြောင်းနှင့် အမြင့်ဆုံး ခေါင်းဆောင်၏ ဦးဆောင်မှုအောက်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ကို ခိုင်မာစွာ ဆက်လက် တွန်အားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။