CGTN၏ စစ်တမ်းကောက်ယူမှု၊ ကမ္ဘာ တစ်ဝှမ်းမှ စစ်တမ်းဖြေဆိုသူ 90.21% သည် ထိုင်ဝမ်ဒေသ ခေါင်းဆောင်၏ အန္တရာယ် ရှိသည့် စကားကို ပြစ်တင်ရှုတ်ချ

(GMT+08:00)2024-05-22 22:13:23  

မကြာခင်က ထိုင်ဝမ်ဒေသ ခေါင်းဆောင်သည် ထိုင်ဝမ် သီးခြားတည်ရှိရေးကို ဝါဒဖြန့်ခဲ့သည်။ China Media Group CGTN၏ ကမ္ဘာတစ်ဝှမ်းမှ အင်တာနက် အသုံးပြုသူများတွင် ပြုလုပ်သော စစ်တမ်း ကောက်ယူမှု ရလဒ်အရ စစ်တမ်းဖြေသူ 89.95% သည် တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေးမူကို ပြတ်ပြတ်သားသား ထောက်ခံပြီး ထိုင်ဝမ်သီးခြားတည်ရှိရေးဆိုင်ရာ သွေးခွဲ ဆောင်ရွက်မှုကို ပြတ်ပြတ်သားသား ကန့်ကွက်ကြသည်။

တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ်တို့သည် အားလုံး တရုတ်နိုင်ငံ ဖြစ်ပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခွဲမရသော အစိတ်အပိုင်း ဖြစ်ခြင်းသည် နိုင်ငံတကာ မိသားစုကြီးက စောစောကပင် အတည်ပြုပြီးသား ဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် အမှတ် ၂၇၅၈ မှ အတည်ပြုထားသည့် တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေးမူလည်း ဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းမှ စစ်တမ်းဖြေဆိုသူ 86.53% သည် ထိုင်ဝမ်ကျွန်းတွင် အာဏာပိုင်အဖွဲ့ အခြေအနေ မည်သို့ပင် ပြောင်းလဲ ပြောင်းလဲ ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်း အားလုံး တရုတ်နိုင်ငံတစ်နိုင်ငံတည်း ဖြစ်သည့် အဖြစ်မှန်နှင့် နိုင်ငံတကာမိသားစုကြီးက တရုတ်နိုင်ငံ တစ်နိုင်ငံတည်းသာ ရှိရေးမူကို စွဲကိုင်ထားသည့် အခြေခံ အခြေအနေကို ပြောင်းလဲနိုင်မည် မဟုတ်ဟု ဖော်ပြကြသည်။

စစ်တမ်းကောက်ယူမှုကို CGTN ၏ အင်္ဂလိပ်၊ စပိန်ဘာသာ၊ ပြင်သစ်ဘာသာ၊ အာရပ်ဘာသာ၊ ရုရှားဘာသာ ပလက်ဖောင်းများတွင် ထုတ်ပြန်ထားသည်။ ၂၄ နာရီအတွင်း အင်တာနက် အသုံးပြုစု စုစုပေါင်း ၁၁၆၄၅ ဦးသည် မဲပေး ဖြေဆိုခဲ့ကြပါသည်။