မတော်တဆမှု ကြုံတွေ့ရသော ရဟတ်ယာဉ်ပေါ် ပါသူနှင့် ဖုန်းဆက်ခဲ့ဖူးသည်ဟု အီရန် သမ္မတရုံးမှ တာဝန်ရှိသူ ဆို

(GMT+08:00)2024-05-22 15:00:37  

ဒေသစံတော်ချိန် မေလ ၂၁ ရက်နေ့က အီရန်သမ္မတရုံးမှ တာဝန်ရှိသူ ဟူစိန်က သမ္မတ ရိုင်စီ စီးနင်းသော ရဟတ်ယာဉ် မတော်တဆမှု ဖြစ်ပွားပြီးနောက် သမ္မတရုံးသည် သမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးတို့၏ လက်ကိုင်ဖုန်းများကို ခေါ်ဆိုရန် ကြိုးပမ်းခဲ့သော်လည်း ဖြေဆိုသူ မရှိကြောင်း၊ ထို့နောက် ၎င်းတို့သည် လေယာဉ်မှူး၏ လက်ကိုင်ဖုန်းကို ခေါ်ဆိုပြီး ရဟတ်ယာဉ်ပေါ်ရှိ အခြားလူတစ်ဦးဖြစ်သည့် အယ်လ်-ဟာရှိမ်က ဖုန်းခေါ်ဆိုမှုကို ဖြေကြား ခဲ့ကြောင်း၊ ၎င်းသည် တောင်ပေါ်သို့ ပြုတ်ကျကာ အခြေအနေ သိပ်မကောင်း ဖြစ်နေပြီး မည်သည့်နေရာတွင် ရှိနေခြင်းနှင့် အခြားလူများ မည်သည့်နေရာတွင် ရောက်နေသည်ကို မသိကြောင်း ဆိုသည်။

ဟူစိန်က ကယ်ဆယ်ရေးသမားများက အခြားသော သေဆုံးသူများ၏ အလောင်းများကို တွေ့ရှိပြီးနောက် ၎င်းတို့သည် မတော်တဆမှု ဖြစ်ပွားပြီးနောက် ချက်ချင်း သေဆုံးသွားပြီ ဟု ယူဆ ကြောင်း၊ ထိုအချိန်တွင် မိမိသည် အခြားသော ရဟတ်ယာဉ်တစ်စင်းပေါ်တွင် ရှိနေခဲ့ပြီး ရာသီ ဥတုအခြေအနေသည် အစပိုင်းကတော့ ကောင်းသော်လည်း မိနစ် ၃၀ ကြာ ပျံသန်း ပြီး နောက် တောင်ပေါ်တွင် တိမ်တိုက် များနှင့် ကြုံတွေ့ကာ  ရာသီဥတု သတိပေးချက် မရရှိခဲ့ကြောင်း ပြောကြားခဲ့ သည်။