ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းရန် တရုတ်ကိုယ်စားလှယ် ပန်ကြား

(GMT+08:00)2024-05-21 16:01:31  

ယူကရိန်းအခြေအနေနှင့် ပတ်သက်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တံခါးဖွင့် အစည်းအဝေးကို မေလ ၂၀ ရက်နေ့က ကျင်းပခဲ့ပါသည်။ ကုလသမဂ္ဂဆိုင်ရာ တရုတ် ဒုတိယအမြဲတမ်းကိုယ်စားလှယ် Geng Shuang သည် အစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာဘက်အသီးသီးတို့အား ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းရန် ပန်ကြားခဲ့ပါသည်။
    တရုတ်နိုင်ငံမှ ရုရှား-ယူကရိန်းအချင်းပွားမှုတွင် ရုရှားနိုင်ငံ
အား စစ်လက်နက်ပစ္စည်း များ ထောက်ပံ့ပေးခြင်းဟူသော အမေရိကန်နိုင်ငံ၏ အကြောင်းမဲ့ ပြစ်တင်မှုကို တုံ့ ပြန်ပြောဆိုရာတွင် Geng Shuang က တရုတ်နိုင်ငံသည် ယူကရိန်းအကျပ်အတည်းကို ဖန်တီးသူ မဟုတ်ကြောင်း၊ ပါဝင်သူလည်း မဟုတ်ကြောင်း၊ အချင်းပွားမှုတွင် မည်သည့် ပါဝင်သူကိုမဆို သေစေနိုင်သောလက်နက်များ ထောက်ပံ့ခြင်း မရှိကြောင်း ပြောကြားခဲ့ပါသည်။