ရှီကျင့်ဖိန်သည် မြောက်မက်ဆီဒိုးနီးယားသမ္မတအဖြစ် တာဝန်ထမ်းဆောင်သည့် Siljanovska Davkova အား ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2024-05-21 16:05:44  

မကြာခင်က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် Siljanovska Davkova အား သဝဏ်လွှာပေးပို့ပြီး၊ မြောက်မက်ဆီဒိုးနီးယားနိုင်ငံသမ္မတအဖြစ် တာဝန်ထမ်းဆောင် ခြင်းကို ဂုဏ်ပြုကြောင်းဖော်ပြခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်နှင့် မြောက်မက်ဆီဒိုးနီးယားနိုင်ငံတို့အကြား နက်ရှိုင်းသော ချစ်ကြည်ရေးအစဉ်အလာရှိကြောင်း၊ မိမိအနေနှင့် တရုတ်-မြောက်မက်ဆီဒိုးနီးယား ဆက်ဆံ မှု ဖွံ့ဖြိုးရေးကို အလွန်အလေးထားပြီး၊ သမ္မတနှင့်အတူ နိုင်ငံရေး အပြန် အလှန် ယုံကြည်မှုကို နက်ရှိုင်းစေပြီး၊ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကို တိုးချဲ့ ကာ၊ တရုတ်-မြောက်မက်ဆီဒိုးနီးယား ရင်းနှီးသော ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံ မှုအား အဆင့်သစ်သို့ တွန်းအားပေးရန် ကြိုးပမ်းသွားလိုကြောင်း ဖော်ပြခဲ့ သည်ဟု သတင်း အရသိရပါသည်။