တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊နန်နင်းမြို့သို့ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို)မှ ကိုယ်စားလှယ်အဖွဲ့ ထွက်ခွာခြင်း

(GMT+08:00)2024-05-21 15:56:42  



တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၊ နန်နင်း မြို့တွင် ၂၀၂၄ခုနှစ် မေလ ၂၀ရက်နေ့မှ  (၂၄)ရက်နေ့အထိ ကျင်းပ ပြုလုပ်မည့် 10th ASEAN-China Young  Leaders Exchange Festival အခမ်းအနားသို့  မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)မှ ကိုယ်စားလှယ်အဖွဲ့(၇)ဦး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ  မေလ ၂၀ရက်နေ့ မနက် ၇နာရီ မိနစ်၃၀အချိန်တွင် ထွက်ခွာခဲ့ရာ အသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်၊ တာဝန်ရှိသူများနှင့် မိသားစု ဝင်များက လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြပါတယ်။

ကိုယ်စားလှယ်အဖွဲ့တွင် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ အလုပ် အမှုဆောင်(၂)ဦး အုပ်ချုပ်သူများအနေဖြင့် လိုက်ပါ၍ တက္ကသိုလ်တန်းအဆင့် ကျောင်းသား ကျောင်းသူ( ၅ )ဦး  လိုက်ပါ သွားခဲ့ကြပါတယ်။ အစည်းအဝေးသို့ တရုတ် နိုင်ငံမှ တက္ကသိုလ် ကျောင်းသားကျောင်းသူများ တက်ရောက် ကြမှာဖြစ်ပြီး အာဆီယံ လူငယ်အချင်းချင်း ချစ်ကြည် ရင်းနှီးစေရေး၊ ယဉ်ကျေးမှုဖလှယ်ရေး၊ အနာ ဂတ် ၏ ခေါင်းဆောင် ငယ်များ ဖြစ်သည့်အတွက် အတွေ့အကြုံရှိစေရန်နှင့်လူငယ်ခေါင်းဆောင်များ ဖြစ်လာ စေရေးတို့အတွက်  ရည်ရွယ်၍ စေလွှတ်ခဲ့ခြင်းဖြစ်ပါတယ်။

ကိုယ်စားလှယ်အဖွဲ့အနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို တက်ရောက်လာမည့် အာဆီယံ-တရုတ်နိုင်ငံများမှ ကိုယ်စားလှယ်ခေါင်းဆောင်များကို  တင်ဆက် ပြသနိုင်ရန် ပျူခေတ် အက များကို လေ့ကျင့်သင်ကြားသွားခြင်း၊ တစ်ဦးချင်းတွေ့ဆုံဆွေးနွေးမှု အလေ့အကျင့်များ ရရှိစေရေးအတွက် လေ့ကျင့်သွားခြင်း၊အဖွဲ့အစည်းစိတ်ဓာတ်များရရှိစေရေး စုဖွဲ့လေ့ကျင့်သွားခြင်း၊မြန်မာ့ရိုးရာ ပစ္စည်းနှင့် စားသောက်ဖွယ်ရာများကို အာဆီယံနိုင်ငံမှာ ကိုယ်စားလှယ်များ သိရှိချပြနိုင်ရေးတို့အတွက် ပြင်ဆင် ဆောင်ရွက်သွားခဲ့ကြပါတယ်။

ကိုယ်စားလှယ်အဖွဲ့သည်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် (၃) ရက်ကြာ အခမ်းအနား တက်ရောက် ပြီးနောက် ရန်ကုန်မြို့သို့ မေလ (၂၄)ရက်နေ့ ည ၉နာရီ ၄၅မိနစ်အချိန်တွင် ပြန်လည် ရောက်ရှိမည် ဖြစ်သည်။