တရုတ်နိုင်ငံသည် အီရန် သမ္မတနှင့် နိုင်ငံခြားရေး ဝန်ကြီး ကွယ်လွန်ခဲ့ခြင်းအတွက် လွန်စွာ ဝမ်းနည်းကြေကွဲကြောင်း ဝမ်ယိ ဆို

(GMT+08:00)2024-05-21 11:32:36  

ဒေသစံတော်ချိန် မေလ ၂၀ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် အာစ်တာနာ မြို့တွင် ကာဇက်စတန်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး နူရ်ထရေဝူနှင့်အတူ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် အီရန်သမ္မတနှင့် နိုင်ငံခြားရေး ဝန်ကြီး ကွယ်လွန်ခြင်းအတွက် လွန်စွာ ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့သည်။

ဝမ်ယိက အီရန် သမ္မတ Raisi နှင့် နိုင်ငံခြားရေး ဝန်ကြီး Abdollahian တို့ ရဟတ်ယာဉ် မတော်တဆမှုတွင် ကွယ်လွန်ခဲ့ခြင်းအပေါ် တရုတ်နိုင်ငံက လွန်စွာ ဝမ်းနည်းကြေကွဲပါကြောင်း၊ ၎င်းတို့၏ ကျန်ရစ်သူ မိသားစုများ၊ အီရန် အစိုးရနှင့် ပြည်သူများအား စိတ်ရင်းမှန်ဖြင့် နှစ်သိမ့်ပါကြောင်း၊ အီရန် သမ္မတ Raisi နှင့် နိုင်ငံခြားရေး ဝန်ကြီး Abdollahian တို့သည် တရုတ်နှင့် အီရန် ဆက်ဆံမှု တိုးတက်ရေးနှင့် ဒေသတွင်း ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် အရေးကြီးသည့် အကျိုးပြု စွမ်းဆောင်မှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။