အမေရိကန်နှင့် သက်ဆိုင်ရာနိုင်ငံများ အနေနှင့် မှားယွင်းမှုကို အမြန်ဆုံး ပြင်ဆင်ပြီး ထိုင်ဝမ် သီးခြားတည်ရှိရေးဆိုင်ရာ သွေးခွဲမှု အင်အားများအား မှားယွင်းသော အချက်ပြခြင်းကို ရပ်စဲရန် တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးမှ လှုံ့ဆော်တိုက်တွန်း

(GMT+08:00)2024-05-21 11:31:46  

မေလ ၂၀ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ချင်ပင်ဟွာသည် သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားခဲ့သည်။

   သတင်းထောက် တစ်ဦးက အမေရိကန် အပါအဝင် နိုင်ငံအနည်းစုသည် အရာရှိတွေကို စေလွှတ်ပြီး လိုက်ချင်းတေ၏ ကျမ်းသိစ္စာ ကျန်ဆိုပွဲသို့ တက်ရောက်ကာ လိုက်ချင်းတေ ရာထူးထမ်းဆောင်ခြင်းကို ထောမနာ ပြုပြီး မင်ကျင့်တန်ပါတီ အာဏာပိုင်အဖွဲ့က ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။ ယင်းအပေါ် မည်သည့် မှတ်ချက်တွေ ရှိသနည်းဟု မေးသည့်အခါ

   ချင်ပင်ဟွာက ကမ္ဘာ ပေါ်တွင် တရုတ်နိုင်ငံ တစ်နိုင်ငံတည်းသာ ရှိပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခွဲမရသော အစိတ်အပိုင်း ဖြစ်ကြောင်း၊ အမေရိကန် အပါအဝင် တရုတ်နိုင်ငံနှင့် သံတမန် ဆက်ဆံရေး ထားရှိသော နိုင်ငံတွေက တရုတ် ထိုင်ဝမ်ဒေသနှင့် မည်သည့်အသွင်ပုံစံမဆို ဖြစ်သည့် အစိုးရချင်း ဆက်ဆံမှု ပြုလုပ်ခြင်းကို မိမိတို့ ပြတ်ပြတ်သားသား ကန့်ကွက်ပြီး ၎င်းတို့က မည်သည့်အသွင်ပုံစံနှင့် မည်သည့် အကြောင်း ပြချက်ဖြင့်မဆို ထိုင်ဝမ် ရေးရာတွင် ဝင်ရောက်စွက်ဖက်ခြင်းကို ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချကြောင်း၊ အမေရိကန်နှင့် သက်ဆိုင်ရာ နိုင်ငံများ အနေနှင့် မှားယွင်းမှုကို အမြန်ဆုံး ပြင်ဆင်ပြီး တရုတ်နိုင်ငံ တစ်နိုင်ငံတည်းသာရှိရေးမူနှင့် တရုတ်နိုင်ငံအပေါ် ပြုလုပ်ထားသည့် တည်ကြည်လေးနက်သော နိုင်ငံရေး ကတိကဝတ်များကို လိုက်နာကာ ထိုင်ဝမ် ရေးရာများကို ဆင်ဆင်ခြင်ခြင် သင့်လျော်စွာ ကိုင်တွယ်ဆောင်ရွက်၍ ထိုင်ဝမ် သီးခြားတည်ရှိရေးဆိုင်ရာ သွေးခွဲမှု အင်အားများအား မှားယွင်းသောအချက်ပြခြင်းကို ရပ်စဲရန် လှုံ့ဆော်တိုက်တွန်းပါကြောင်း၊ ထိုင်ဝမ် သီးခြားတည်ရှိရေးသည် ထွက်ပေါက် မရှိသော လမ်းတစ်လမ်းပင် ဖြစ်ပြီး ထိုင်ဝမ် သီးခြားတည်ရှိရေးကို ထောက်ခံ ခြင်း သည် သေချာပေါက် ရှုံးနိမ့်လိမ့်မည် ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။