အီရန် သမ္မတ စီးနင်းသော ရဟတ်ယာဉ် မတော်တဆမှုအား ကယ်ဆယ်ရန်အတွက် လိုအပ်သော ကူညီမှု မှန်သမျှကို ပံ့ပိုးပေးမည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2024-05-20 13:47:16  

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံသည် အီရန် သမ္မတ Ebrahim Raisi စီးနင်းသော ရဟတ်ယာဉ် "အရေးပေါ် အရှိန်ပြင်းစွာ ဆင်းသက်မှု" ဖြစ်ပွားခဲ့ခြင်းအပေါ် စိုးရိမ်မကင်း ဖြစ်နေကြောင်း၊ သမ္မတ Raisi နှင့် လေယာဉ်ပေါ်ရှိသူများ ဘေးကင်းရန် ဆုတောင်းပါကြောင်း၊ မိမိတို့သည် သက်ဆိုင်ရာ အခြေအနေကို အာရုံစူးစိုက်နေပြီး အီရန်၏ ကယ်ဆယ်ရေး လုပ်ငန်းအတွက် လိုအပ်သော ကူညီမှု မှန်သမျှကို ပံ့ပိုးပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။