နိုင်ငံအတွင်းရှိ အသက်အကြီးဆုံး နဂါးလှေပြန်လည်အသုံးဝင်

(GMT+08:00)2024-05-20 13:50:12  

ကောက်ညှင်းထုပ်ပွဲတော်သည် ရက်ပေါင်း နှစ်ဆယ်ကျော်သာ လိုတော့ကာ ကွမ်တုန်းပြည်နယ်တွင် နဂါးလှေစီးခြင်းနှင့် နဂါးလှေပြိုင်ပွဲအတွက် ပြင်ဆင်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ပါသည်။ မေလ ၁၈ ရက် နံနက်က ဖိုရန်းမြို့ရှိ နန်ဟိုင်မြို့နယ်တွင် လာမည့် ကောက်ညှင်းထုပ်ပွဲတော်အတွက် ပြင်ဆင်မှုအဖြစ် ရွှံ့နွံထဲမှ ၅၉၂ နှစ် သက်တမ်းရှိ နဂါးလှေအား ဖော်ယူသည့် အခမ်းအနားအား ကျင်းပခဲ့ပါသည်။ နဂါးလှေသည် ရေစိမ်ရန် မကြောက်သော်လည်း နေရောင်ခြည်နှင့် ထိတွေ့သောအခါ အက်ကွဲတတ် သောကြောင့် လူများက နဂါးလှေကို ရွှံ့နွံတွင် ထား ရန် ဒေသခံများက နည်းလမ်းရှာကြပါသည်။ ကောက်ညှင်းထုပ်ပွဲတော် အပြီးတွင် နဂါးလှေကြီးကို ရေအောက်ရှိ ရွှံ့နွံထဲတွင် ပြန်လည်မြှုပ်နှံကာ ဆက်လက် ထိန်းသိမ်းထားမည်ဖြစ်ပါသည်။