"ကြွေရုပ်လေး" သည် ဘဝသစ်ကို အပြုံးဖြင့် ကြိုဆို

(GMT+08:00)2024-05-20 14:03:29  

ဝူဟန့် သိပ္ပံနည်းပညာတက္ကသိုလ် နိုင်ငံခြားဘာသာစကားကောလိပ်တွင် ပညာသင်ခဲ့သည့် Guan Shujing သည် သူမ အသက် ၁၀ လသားအရွယ်တွင် မွေးရာပါ osteogenesis imperfecta ရောဂါရှိသည်ဟု စစ်ဆေး တွေ့ရှိခဲ့သည်။ "ကြွေရုပ်ရောဂါ" ဟုလည်းလူသိများသော ဤရောဂါသည် အနည်းငယ် တိုက်မိရင်တောင်  ပြင်းထန်သောအရိုးကျိုးခြင်းကို ဖြစ်စေနိုင်သည်။ ကံကောင်းထောက်မစွာဖြင့်၊ အလေးချိန် ၃၀ ကီလိုဂရမ်အောက် ရှိသော ဤကြွေရုပ်လေးသည် အကြိမ်ပေါင်း ရာချီ အရိုးကျိုးခြင်းများ ဖြစ်ခဲ့သော်လည်း ဤဘွဲ့နှင်းသဘင်ရာသီတွင် သူမအား Huazhong လယ်ယာစိုက်ပျိုးရေးတက္ကသိုလ်မှ အင်္ဂလိပ်ဘာသာဖြင့် ဘွဲ့လွန်ပရိုဂရမ်သို့ တက်ရောက်ခွင့်ရခဲ့ပြီး မိမိ၏ပညာလေ့လာရေးလမ်းကြောင်းသစ်သို့ လျှောက်လှမ်း မည်ဖြစ်သည်။