မူလထုတ်လုပ်ဒေသ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ထိုင်ဝမ်ဒေသနှင့် ဂျပန်၌ ဖြစ်သည့် POMC အပေါ် ပုံအောရောင်းချမှု ဆန့်ကျင်ရေးဆိုင်ရာ အမှုပြု စုံစမ်းစစ်ဆေးမှု ပြုလုပ်မည်ဟု တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာန ကြေညာ

(GMT+08:00)2024-05-20 13:48:05  

တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနသည် မူလထုတ်လုပ်ဒေသ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ထိုင်ဝမ်ဒေသနှင့် ဂျပန်၌ ဖြစ်သည့် POMC (Polyformaldehyde Copolymer)အပေါ် ပုံအောရောင်းချမှု ဆန့်ကျင်ရေးဆိုင်ရာ အမှုပြု စုံစမ်းစစ်ဆေးမှု ပြုလုပ်ရေးဆိုင်ရာ ၂၀၂၄ ခုနှစ် အမှတ် ၁၈ ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပုံအောရောင်းချမှု ဆန့်ကျင်ရေး စည်းမျဉ်းဥပဒေ ပုဒ်မ ၁၆ အရ ၂၀၂၄ ခုနှစ် မေလ ၁၉ ရက်နေ့မှ စ၍ မူလ ထုတ်လုပ်ဒေသ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ထိုင်ဝမ်ဒေသနှင့် ဂျပန်၌ ဖြစ်သည့် POMC အပေါ် ပုံအောရောင်းချမှု ဆန့်ကျင်ရေးဆိုင်ရာ အမှုပြု စုံစမ်းစစ်ဆေးမှု ပြုလုပ်မည်ဟု ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိပါသည်။