အီရန် အစိုးရ ကက်ဘိနက်အဖွဲ့သည် သမ္မတ Raisi အပါအဝင် အဆင့်မြင့် အစိုးရအရာရှိများ သေဆုံးခြင်းအပေါ် ဝမ်းနည်းကြောင်း ဖော်ပြ

(GMT+08:00)2024-05-20 17:53:41  

ဒေသစံတော်ချိန် မေလ ၂၀ ရက်နေ့တွင် အီရန် အစိုးရ ကက်ဘိနက်အဖွဲ့သည် သမ္မတ Raisi အပါအဝင် အဆင့်မြင့် အစိုးရအရာရှိများ ရဟတ်ယာဉ် ပျက်ကျမှုကြောင့် သေဆုံးခြင်းနှင့်ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ခဲ့ရာ အီရန် အစိုးရ ကက်ဘိနက်အဖွဲ့သည် သမ္မတ Ebrahim Raisi ၊ နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian တို့ သေဆုံးခြင်းအပေါ် ဝမ်းနည်းကြောင်း ဖော်ပြပြီး သမ္မတ Raisi ၏ရှေ့ခရီးကို ဆက်သွားမှာဖြစ်ပြီး တိုင်းပြည်၏ အုပ်ချုပ်မှုမှာလည်း အနှောင့်အယှက် မရှိစေရန် တိုင်းပြည်နှင့်ပြည်သူများအား အာမခံ ကြောင်း လည်း ဖော်ပြထားသည်။

အီရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၃၁ အရ သမ္မတ ကွယ်လွန်ခြင်း၊ ရာထူးမှ ဖယ်ရှားခံရခြင်း၊ နုတ်ထွက်ခြင်း၊ ပျက်ကွက်ခြင်း သို့မဟုတ် ဖျားနာခြင်း နှစ်လကျော်ကြာပြီး သို့မဟုတ် သမ္မတသက်တမ်း ကုန်ဆုံးပြီ ဖြစ်သည့်အခါတွင် အကြောင်းတစ်စုံတစ်ရာကြောင့် သမ္မတအသစ် ရွေးချယ်ခြင်းမပြုလျှင် အီရန် ဒုသမ္မတ -၁ သည် ထိပ်သီးခေါင်းဆောင်၏ ခွင့်ပြုချက်ဖြင့် သမ္မတ အခွင့်အာဏာနှင့် တာဝန်များကို ထမ်းဆောင်ရမည်။ အီရန် အစ္စလာမ့်ပါလီမန် ဥက္ကဋ္ဌ၊ တရားရေး ဒါရိုက်တာချုပ်နှင့် ဒုသမ္မတ -၁ တို့ ပါဝင်သော ကော်မတီ သည် အများဆုံး ရက်ငါးဆယ်အတွင်း သမ္မတသစ် ရွေးကောက်ပွဲကို စီစဉ်ရန် တာဝန် ရှိသည်။