နိုင်ငံတကာ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ Bach သည် CMG ၏ Paris Olympics ရုပ်သံလွှင့်အဖွဲ့အား တံဆိပ် ပေးအပ်

(GMT+08:00)2024-05-20 13:55:22  

မေလ ၁၉ ရက်နေ့က နိုင်ငံတကာ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ Bach သည် CMG ရှန်ဟိုင်းနိုင်ငံတကာမီဒီယာစင်တာသို့ ကြည့်ရှုခဲ့ပြီး၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒု ဝန် ကြီး၊ CMG ဥက္ကဋ္ဌ Shen Haixiong နှင့်အတူ CMG  Paris Olympics ရုပ်သံလွှင့်အဖွဲ့အား တံဆိပ်ကို ပေးအပ်ပြီး၊ CMG ၏ အိုလံပစ် အစီအစဉ် ထုတ်လှုင့်မှု လိုဂိုကို ထုတ် ပြန်ကာ၊ CMG Paris Olympics ကော်လံ "အားကစားမနက်ခင်း သတင်း"  စတင် ထုတ်လွှင့်ပွဲလည်း ကျင်းပခဲ့ကြပါသည်။

    မိန့်ခွန်းပြောကြားခဲ့ရာ၌ Shen Haixiong က CMG အနေနှင့် နိုင်ငံတကာ အိုလံပစ် ကော်မတီနှင့်အတူ နည်းပညာဆန်းသစ်တီထွင်မှု အရှိန်မြှင့်စေရေးနှင့် e-sports ပွဲများ သုတေသန ဖော်ဆောင်ရေးနယ်ပယ်များတွင် ဆက်လက်နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက် လိုကြောင်းဖော်ပြခဲ့သည်ဟု သတင်းအရသိရပါသည်။