ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုတွင် ပါဝင်ပတ်သက်နေသည့် အမေရိကန်ကုမ္ပဏီများကို ယုံကြည်စိတ်ချမှုမရှိသော အဖွဲ့အစည်းစာရင်းတွင် ထည့်သွင်းမည်ဟု တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနဆို

(GMT+08:00)2024-05-20 14:02:23  

ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုတွင် ပါဝင်သည့် General Atomics Aeronautical Systems နှင့် General Dynamics Land Systems ကုမ္ပဏီနှစ်ခုကို ယုံကြည်စိတ်ချမှုမရှိသော အဖွဲ့အစည်းစာရင်းတွင် ထည့်သွင်းရန် ဆုံးဖြတ်ခဲ့ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ မေလ ၂၀ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အောက်ပါအတိုင်း အရေးယူဆောင်ရွက်ခဲ့ပါသည်။

(၁) အထက်ဖော်ပြပါ လုပ်ငန်းကုမ္ပဏီများသည် တရုတ်နိုင်ငံနှင့် ဆက်စပ်သော သွင်းကုန်၊ ပို့ကုန် လုပ်ငန်းများတွင် ပါဝင်ခြင်း မပြုရန်၊

(၂) အထက်ဖော်ပြပါ လုပ်ငန်းကုမ္ပဏီများအား တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ ပြုလုပ်ခြင်းမှ တားမြစ်ခြင်း၊

(၃) အထက်ဖော်ပြပါ လုပ်ငန်းကုမ္ပဏီများ၏ အကြီးတန်း မန်နေဂျာများအား တရုတ်နိုင်ငံတွင်းသို့ ဝင်ရောက်ခြင်းမှ တားမြစ်ခြင်း၊

(၄) အထက်ဖော်ပြပါ လုပ်ငန်းကုမ္ပဏီများ၏ အကြီးတန်း မန်နေဂျာများ၏ အလုပ်ပါမစ်၊ နေထိုင်ခြင်း သို့မဟုတ် နေထိုင်ခွင့် အရည်အချင်းကို အတည်မပြုဘဲ ပယ်ဖျက်ခြင်း။