အာဏာသိမ်းရန် ကြိုးပမ်းသည့် အဖွဲ့မှ ခေါင်းဆောင် သေဆုံးပြီး လက်နက်ကိုင် ၄၀ ကျော် ဖမ်းဆီးခံရဟု ကွန်ဂို (DRC) စစ်တပ်က ဆို

(GMT+08:00)2024-05-20 14:04:57  

မေလ ၁၉ ရက်နေ့က Kinshasa မြို့တော်၌  ကွန်ဂို (DRC) စစ်တပ်သည် အာဏာသိမ်းရန် ကြိုးပမ်းမှု တစ်ခုကို ရှုံးနိမ့်စေခဲ့ကြောင်း ထိုနေ့ညက စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ Ekenge က နိုင်ငံတော် ရုပ်မြင်သံကြားဌာနမှတစ်ဆင့်  ပြောကြားခဲ့သည်။ အာဏာသိမ်းရန် ရှုံးနိမ့်သည့် အဖွဲ့မှ ခေါင်းဆောင်ဖြစ်သည့် ပြည်ပပြေး ကွန်ဂို (DRC) နိုင်ငံရေးသမားဟောင်း မာလန်ဂါ အပါအဝင် လူ ၄ ဦး သေဆုံးပြီး အမေရိကန်နိုင်ငံသားများ အပါအဝင် လက်နက်ကိုင်သမား ၄၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။