အမေရိကန်တပ်ဖွဲ့များသည် နိုင်ဂျာနိုင်ငံမှ စတင်ရုပ်သိမ်းနေပြီဟု အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဆို

(GMT+08:00)2024-05-20 13:50:38  

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနနှင့် နိုင်ဂျာ ကာကွယ်ရေး ဝန်ကြီးဌာနတို့ ပူးတွဲ ထုတ်ပြန်သည့် ကြေညာချက်အရ အမေရိကန် နှင့် နိုင်ဂျာ နှစ်နိုင်ငံတို့သည် တပ်ဖွဲ့များ ရုပ်သိမ်း ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ကြောင်း၊ စက်တင် ဘာလ ၁၅ ရက်နေ့အတွင်း အမေရိကန်တပ်ဖွဲ့များကို ရုပ်သိမ်းရန် နှစ်ဖက်တို့ သဘောတူညီခဲ့ကြကြောင်း သတင်းရရှိပါသည်။