"၂၀၂၄ခုနှစ် ဆားဗီးယား တရုတ် ရုပ်ရှင် သတင်းပတ်" ဖွင့်လှစ်

(GMT+08:00)2024-05-19 16:15:47  

ဒေသစံတော်ချိန် မေလ ၁၈ ရက်နေ့က "၂၀၂၄ခုနှစ် ဆားဗီးယား တရုတ် ရုပ်ရှင် သတင်းပတ်"ကို ဆားဗီးယားနိုင်ငံ ဘယ်လ်ဂရိတ်မြို့တော်ရှိ အလုပ်သမားသမဂ္ဂရုပ်ရှင်ရုံ၌ ကြီးကျယ်ခမ်းနားစွာ ဖွင့်လှစ်ခဲ့ရာ ဆားဗီးယားနိုင်ငံ အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များ နှင့် တရုတ်ကိုယ်စားလှယ် ၁၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

ဆားဗီးယားနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Li Ming က ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ရာ တရုတ်-ဆားဗီးယားနှစ်နိုင်ငံအကြား အချိန်နှင့်နေရာ ဖြတ်ကျော်နိုင်ပြီး လေးနက်သော ချစ်ကြည်ရေး ရှိပြီး ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးသည် တရုတ်-ဆားဗီးယား ချစ်ကြည်ရေးတွင် အရေးကြီးသော ချိတ်ဆက်မှုတစ်ခုဖြစ်ကြောင်း၊ " Most " နှင့် "Walter Defends Sarajevo" စသည့် ယူဂိုဆလားဗီးယား ဂန္ထဝင်ရုပ်ရှင်ကားများသည် တရုတ်နိုင်ငံ တွင် ကျော်ကြား‌ကြောင်း၊ ယခုအကြိမ် တရုတ် ရုပ်ရှင် သတင်းပတ်မှ တစ်ဆင့် ဆားဗီးယား ပြည်သူများသည် တရုတ်နိုင်ငံအကြောင်း ပိုမို နက်ရှိုင်းစွာ နားလည်သိရှိကြပြီး တရုတ်ယဉ်ကျေးမှု၏ အလှအပကို ခံစားကာ နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။