China Media Group မှ လှူဒါန်းသောအိုလံပစ်ရုပ်တု "Together in the Boat"အား ပြင်သစ်နိုင်ငံသို့ ပို့ဆောင်

(GMT+08:00)2024-05-19 16:13:49  

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ပြင်သစ်နိုင်ငံခရီးစဉ်အတွင်း တရုတ်နှင့် ပြင်သစ်နှစ်နိုင်ငံခေါင်းဆောင်တို့သည် တရုတ်-ပြင်သစ် ယဉ်ကျေးမှုဖလှယ်ရေး တိုးမြှင့်ရေးဆိုင်ရာ သဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရန် မေလ ၁၈ ရက်နေ့က China Media Group နှင့် ပြင်သစ်အမျိုးသား အိုလံပစ်နှင့် အားကစားကော်မတီတို့သည် ရှန်ဟိုင်းတွင်  အိုလံပစ်ရုပ်တု "Together in the Boat" စတင်ပို့ဆောင်ပွဲအခမ်းအနားကို ပူးတွဲကျင်းပခဲ့သည်။ China Media Group အယ်ဒီတာအဖွဲ့ဝင် Xue Jijun နှင့် ပြင်သစ်အမျိုးသားအိုလံပစ်နှင့် အားကစားကော်မတီဥက္ကဋ္ဌ David Lapatien တို့ တက်ရောက်ခဲ့ကြသည်။