အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ်၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွား၊ လူ ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိ

(GMT+08:00)2024-05-19 16:16:14  

ဒေသစံတော်ချိန် မေလ ၁၈ ရက်နေ့ မနက် ၃ နာရီခန့်တွင် အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် ကိုလံဘတ်စ်မြို့တွင် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ၃ ဦးကို ဆေးရုံသို့ ပို့ဆောင်ထားပြီး ၎င်းတို့အနက် တစ်ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း အေပီသတင်းဌာနက ထိုနေ့တွင် ဖော်ပြထားသည်။