ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက To Lam နှင့် Tran Thanh Man တို့ကို ဗီယက်နမ်သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌအဖြစ် အသီးသီး တာ၀န်ထမ်းဆောင်ရန် အကြံပြု

(GMT+08:00)2024-05-19 16:14:49  

ဗီယက်နမ် သတင်းဌာနမှ မေလ ၁၈ရက်နေ့ ထုတ်ပြန်သည့် သတင်းအရ ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး To Lam အား ဗီယက်နမ်နိုင်ငံသမ္မတအဖြစ် တာ၀န်ထမ်းဆောင်ရန်နှင့် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ လွှတ်တော် အမြဲတမ်း ဒုတိယ ဥက္ကဋ္ဌ Tran Thanh Man အား လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာ၀န်ထမ်းဆောင်ရန် ဗီယက်နမ် လွှတ်တော်ကို အကြံပြုခဲ့ကြောင်း သိရပါသည်။