နေတိုးသည် ယူကရိန်းသို့ လေ့ကျင့်ရေး တပ်ဖွဲ့များ စေလွှတ်မည်

(GMT+08:00)2024-05-19 16:13:20  

ဒေသစံတော်ချိန် ၁၆ ရက်နေ့ တွင် အမေရိကန်မီဒီယာမှသတင်းအရ နေတိုးသည် ယူကရိန်းသို့ စစ်သားများစေလွှတ်ရန် ခြေလှမ်းပိုမိုနီးကပ်လာနေပြီး အဆိုပါစစ်သားများသည် ယူကရိန်းတပ်ဖွဲ့များကို လေ့ကျင့်သင်ကြားပေးရန် ကူညီပေးမည်ဖြစ်သည်။ ယင်းလုပ်ဆောင်မှုသည် အမေရိကန်နှင့် ဥရောပကို ပဋိပက္ခထဲ ပိုပြီး တိုက်ရိုက်ပါဝင်သွားစေနိုင်ကြောင်း သတင်းတွင် ရေးသားဖော်ပြထားပါသည်။