ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့ ရုက္ခဗေဒ ဥယျာဉ်တွင် Carnivorous အပင်များ ပြပွဲကို ကျင်းပ

(GMT+08:00)2024-05-18 20:13:37  

မေလ ၁၆ ရက်နေ့က ပဉ္စမအကြိမ်မြောက် Carnivorous အပင်များ ပြပွဲကို ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့ ရုက္ခဗေဒဥယျာဉ်တွင် ကျင်းပခဲ့ပါသည်။ ပြပွဲတွင် အပင် နမူနာ ၃၀၀ ကျော်၊ မျိုးစိတ် ၅၂ မျိုးတို့ကို ပြသထားပြီး အများစုမှာ နေရင်းဒေသများ ဆုံးရှုံးခြင်းကြောင့် မျိုးသုဉ်းရန် အန္တရာယ်ရှိနေပါသည်။