ဟန်ကျင့် နှင့် ရုရှားသမ္မတ ပူတင်တို့သည် ၈ ကြိမ်မြောက် တရုတ်-ရုရှား ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

(GMT+08:00)2024-05-18 12:34:53  

မေလ ၁၇ ရက်နေ့တွင် တရုတ်နိုင်ငံဒုတိယသမ္မတ ဟန်ကျင့် သည် ရုရှားသမ္မတ ပူတင်နှင့်အတူ Harbin ၌ ကျင်းပ သည့် ၈ ကြိမ်မြောက် တရုတ်-ရုရှားကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး သမ္မတ ရှီကျင့်ဖိန် ၏ ဂုဏ်ပြုသဝဏ် လွှာကို ဖတ်ကြားကာ မိန့်ခွန်းပြောကြားခဲ့သည်။

ဟန်ကျင့် က တရုတ်-ရုရှား ကုန်စည်ပြပွဲသည် နှစ်နိုင်ငံ ဒေသခံများနှင့် စီးပွားရေး အသိုင်းဝိုင်းများကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အရေးကြီးသော ပလက်ဖောင်း ဖြစ်လာ ကြောင်း ပြောကြားခဲ့သည်။

ပူတင်က မိန့်ခွန်းပြောကြားရာတွင် နှစ်နိုင်ငံစီးပွားကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ခရီးသွားလာရေး၊ လယ်ယာ စိုက်ပျိုးရေး စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးတက်မှုသစ်များ မြှင့်တင်ရန် ပလက်ဖောင်းတစ်ခုအဖြစ် ရုရှား-တရုတ် ကုန်စည်ပြပွဲ၏ အခန်းကဏ္ဍကို တက်ကြွစွာ အသုံးချပြီး နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမိုအကျိုး ဖြစ်ထွန်းနိုင်စေရန် မျှော်လင့်ကြောင်းပြောကြားခဲ့ သည်။