ရုရှားသမ္မတ ပူတင်သည် Harbin Institute of Technology သို့ သွားရောက်လည်ပတ်

(GMT+08:00)2024-05-18 12:33:55  

ရုရှားသမ္မတ ပူတင်သည် မေလ ၁၇ ရက်နေ့တွင် Harbin Institute of Technology တွင် မိန့်ခွန်းပြောကြားခဲ့ပြီး ပညာရေးနှင့် သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် အပြန်အလှန် လေ့လာ သင်ယူရေး၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်ပတ်သက်၍ ဆရာ၊ဆရာမများ၊ ကျောင်းသူ ကျောင်းသား များနှင့် ဆွေးနွေးဖလှယ်ခဲ့ကြသည်။

ယခုနှစ်သည် တရုတ်နှင့် ရုရှား သံတမန်ဆက်ဆံရေး ထူထောင်သည့် ၇၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ပြီး ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသော နယ်ပယ် တစ်ခုဖြစ်သည်။ ရုရှားနိုင်ငံအနေနှင့် နှစ်နိုင်ငံလူငယ်များအတွက် ပိုမိုများပြားသော ကူးလူးဖလှယ်၊ လေ့လာသင်ယူရေး ပလက် ဖောင်းကို ပံ့ပိုးပေးရန် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုဆက်လက် တိုးမြှင့်လိုကြောင်း ပူတင်က ပြောကြား ခဲ့သည်။