ဤမျဉ်းကွေးများသည် ကမ္ဘာကြီး၏ တရုတ်စီးပွားအရေးအပေါ် ယုံကြည်စိတ်ကို ပြသနေ

(GMT+08:00)2024-05-18 12:30:11  

မကြာမီက ကမ္ဘာ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) နှင့် ဥရောပသမဂ္ဂ ကော်မရှင်တို့သည် ယခုနှစ် တရုတ်ပြည် စီးပွားရေး  တိုးတက်မှုနှုန်း ခန့်မှန်းချက်ကို ဝ.၂ ရာခိုင်နှုန်း အသီးသီး တိုးမြှင့်ခဲ့သည်။ နိုင်ငံတကာ စီမံခန့်ခွဲရေး အကြံပေး ကုမ္ပဏီ Kearney မှ ထုတ်ပြန်ထားသည့် နိုင်ငံတကာ လုပ်ငန်းရှင်များ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ယုံကြည်စိတ်ဆိုင်ရာ ကိန်းညွှန်းတွင် တရုတ်နိုင်ငံ၏ အဆင့်နေရာသည် လွန်ခဲ့သည့်နှစ် သတ္တမ နေရာ ရှိရာမှ ယခုနှစ် တတိယ နေရာသို့ မြင့်တက်လာကာ ထွန်းသစ်စ ဈေးကွက်များတွင် ပထမနေရာ၌ တည်ရှိနေသည်။

   မေလ ၁၇ ရက်နေ့က တရုတ်အစိုးရမှ ထုတ်ပြန်သော ဧပြီလ စီးပွားရေး လည်ပတ်မှု အခြေအနေ စာရင်းအရ၊ ဧပြီလအတွင်း တစ်ပြည်လုံး အတိုင်းအတာ အသင့်အတင့်ရှိသည့် စက်မှုလုပ်ငန်းများ တန်ဖိုးတိုးတက်မှုပမာဏသည် လွန်ခဲ့သည့် အလားတူ အချိန်ပိုင်းကထက် ၆.၇ ရာခိုင်နှုန်း တိုးလာခဲ့သည်။ လုပ်ငန်းကုမ္ပဏီများ၏ ကုန်ထုတ်လုပ်မှု ခန့်မှန်းချက် ကိန်းညွှန်းများသည် အသင့်အတင့် မြင့်မားသော နေရာ၌ ဆက်လက် တည်ရှိခဲ့သည်။ ဝန်ဆောင်မှု ကုန်သွယ်ရေးဆိုင်ရာ ကိန်းညွှန်းများသည် ၄ လ ဆက်တိုက် မြင့်မားသော နေရာ၌ တည်ရှိခဲ့သည်။ ယင်းဂဏန်းများဖြင့် ဖွဲ့စည်းထားသော အပေါ်သို့ တက်နေသော မျဉ်းကွေးများသည် တရုတ်ပြည် စီးပွားရေး တည်ငြိမ်စွာ တိုးတက်လာနေခြင်းကို ပြသ နေ သည်။

   တစ်ချိန်တည်းတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှု အခြေအနေသည်လည်း ကမ္ဘာကြီးအတွက် နွေးထွေးမှုများ ဆောင်ကြဉ်းပေးလာပါသည်။ ယခုနှစ် ဧပြီလအတွင်း တရုတ်နိုင်ငံ၏ သွင်းကုန်ပို့ကုန် ပမာဏသည် လွန်ခဲ့သည့်နှစ် ဧပြီလကထက် ၈ ရာခိုင်နှုန်း တိုးလာပြီး ယခုနှစ် ပထမ လေးလအတွင်း သွင်းကုန်ပို့ကုန် ပမာဏသည် သမိုင်း စံချိန်များကို ချိုးဖောက်နိုင်ခဲ့သည်။ နိုင်ငံတကာ စီးပွားရေး နာလှန်ပြန်ထူမှု အားနည်းနေသည့် ယခုလို အချိန်အခါတွင် တရုတ်နိုင်ငံ၏ သွင်းကုန်ပို့ကုန် အခြေအနေသည် ခန့်မှန်းထားသည်ထက် ကျော်လွန်ပြီး ခိုင်ခံ့စွာ တိုးတက်လာနေခြင်းသည် နိုင်ငံခြား လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ယုံကြည်စိတ်ကို မြင့်မားလာစေသည်ဟု China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါသည်။